Animation Image

IT နဲ့ ပတ်သက်တဲ့ Note လေးတွေကို စုစည်းပေးထားပါတယ်။ IT Note လေးတွေက ကိုယ်တိုင်ရေး၊ ဘာသာပြန်၊ သူများရေးထားတာလေးတွေ တစ်စုတစ်စည်းတည်း စုစည်းပေးထားခြင်းပါ။ မမိုးရဲ့ IT Note လေးမှာ computer အခြေခံ သင်ခန်းစာများကိုလဲ တင်သွားပေးမှာပါ။ IT Note လေးမှ နည်းပညာ ဗဟုသုတ ရကြပါစေ။ မိုး

Thursday, February 25, 2016

Computer စသုံးသူများ၏ အမှား (၁၀)မျိုး

(1) Not backing up important files
 အရေးကြီးသော Files များကို backup မလုပ်ခြင်း

(2) Clicking Next or Ok without reading
စာကို သေချာမဖတ်ပဲ Next ဒါမှမဟုတ် OK ကို နှိပ်မိခြင်း၊

ဥပမာ - Browser အသစ် ကို install လုပ်မလား (သို့) spam software (သို့) browser add on တွေကို install လုပ်မိခြင်းတို့ကြောင့် မလိုလားအပ်သော ပြဿနာတွေကို ခံစားရပါတယ်။ ကြော်ငြာ add on ကို install လုပ်မိလို့ ကြော်ငြာ link တွေ တက်လာတာကို ခံစားရဖူးမှာပါ။ ဒါကြောင့် မည်သည့် information ပဲ တက်လာလာ စာကို သေချာဖတ်ပြီးမှ Next ဒါမှမဟုတ် OK ကို နှိပ်ပါ။


(3) Not saving work
အလုပ် လုပ်လက်စတွေကို မသိမ်းခြင်း။

ဥပမာ - စာစီစာရိုက်လုပ်တယ်ဆိုပါစို့၊ ကိုယ်စာရိုက်နေတာကို မသိမ်းရသေးခင် မီးပျက်သွားတယ်ဆိုပါစို့၊ laptop battery ခံနေရင် အကြောင်းမဟုတ်ပေမယ့် battery မခံတော့တဲ့ laptop (သို့) desktop တို့ဆိုလျှင် စာရိုက်ထားသမျှ အကုန် ပျက်သွားမှာပါ။ ဒါက စာရိုက်တာတစ်ခုပဲ ဥပမာပေးထားတာနော်။ ဓာတ်ပုံပြင်တာတို့ video editing တို့လဲ တူတူပါပဲ။ ဒါကြောင့် ဘာလုပ်လုပ် လုပ်လက်စအလုပ်ကို save လုပ်ပါ။

(4) Turning off the computer improperly
Computer ကို နည်းစနစ်ကျစွာ မပိတ်ခြင်း

လူအများစုက Smart Phone တို့ Table တို့သာအသုံးများပြီး Computer ကိုလဲ ၄င်းတို့ နည်းတူ သဘောထားတာ စနစ်တကျ ပိတ်လေ့ မရှိပါဘူး။ Computer ကို ဖွင့်လက်စ program များကို တစ်ခုစီ သေချာစွာ စနစ်တကျ ပိတ်ပြီးမှ Shut Down ဖြင့် သေချာစွာ ပိတ်ပေးပါ။

(5) Opening e-mail attachments
Email ၀င်သမျှ Attachmentအားလုံးကို ဖွင့်ခြင်း။

Email အများစုက မိမိရဲ့ မိသားစု၊ မိတ်ဆွေများနဲ့ လုပ်ငန်းခွင်များမှ ၀င်လာလေ့ရှိပါတယ်။ မိမိမသိတဲ့ ကြော်ငြာ email မျိုးဆို ဖွင့်မဖတ်တာအကောင်းဆုံးပါ။ Google မှ spam email များကို Spam Mail Box ထဲသို့ တိုက်ရိုက်ပို့ထားတဲ့အတွက် Spam box ကို ရောင်လို့တောင် ဖွင့်မဲကြည့်ပါနဲ့။

(6) Falling for phishing, spam, or chain mail
Phishing, spam နှင့် chain mail(Forward mail) တို့ကို တိုက်ရိုက်ဖွင့်ဝင်ရောက်ခြင်း

Phishing ဆိုတာက မိမိတို့အသုံးပြုနေသော Email (သို့) Social Network တို့ရဲ့ page အတုကို ပြောခြင်းပါ။ ကြည့်လိုက်ရင်တော့ တကယ့်အစစ်အတိုင်းပါပဲ၊ email နဲ့ password ရိုက်ဝင်သွားရင် မိမိရဲ့ account email and password အားလုံး phishingဖန်တီးထားသူဆီ တိုက်ရိုက် ရောက်သွားပါလိမ့်မယ်။ ထို့အတူ social network မှာ ပျံ့နေတဲ့ video file တွေကို နှိပ်ကြည့်လို့ password တောင်းရင်လဲ phishing နည်းတူ မိမိရဲ့ account ပါသွားမှာပါ။ Email ထဲ ရောက်လာတဲ့ ကိုယ်မသိတဲ့ link တွေဆို မနှိပ်ပါနဲ့။ အဓိက သတိထားရမှာ Forward Email တွေပါ။ မိမိမသိတဲ့သူမှ Forward mail ပို့တာဆို ဖွင့်မကြည့်ပါနဲ့။ Email attachment မှ virus, spam တို့ကို အများဆုံး ၀င်ရောက်နိုင်လို့ပါ။ မှတ်ထားရမှာက မည်သည့် link မဆို email နှင့် password တောင်းလျှင် မ၀င်မိပါစေနဲ့။

(7) Downloading and installing bad software
online မှာ တွေ့ရာ software ကို download လုပ်ခြင်း

software တစ်ခု download လုပ်တော့မယ်ဆိုရင် တင်ထားသော source ကို အရင်လေ့လာပါ။ Download Manager ကဲ့သို့သော software တွေကို သတိထားပါ။ ကြော်ငြာ page များမှ software များကို ရှောင်ပါ။ Auto Download တက်လာလျှင် cancel လုပ်ပါ။

(8) Not keeping operating system and software up-to-date
Operating System နဲ့ Software များကို update မလုပ်ခြင်း

မမိုးတို့ နိုင်ငံက OS တို့ Software တို့ကို လိုင်စင်နဲ့ သုံးတဲ့သူ အတော်ရှားပါတယ်။ လိုင်စင်နဲ့သာ အသုံးပြုမယ်ဆို update လုပ်ပြီးသုံးသင့်ပါတယ်။ internet လိုင်းးလဲ ကောင်းတယ်ဆိုရင်ပေါ့။ လိုင်စင်နဲ့လဲမသုံး Internet လိုင်းလဲ မကောင်းရင်တော့ update မလုပ်ဖို့ပဲ အကြံပြုပါရစေ။

(9) Keep a computer on a surge protector or UPS
Computer ကို လျှပ်စစ်လျှော့၊ မိုးကြိုး စသည်တို့ ကာကွယ်ရန် Surge Protector၊ Battery ဖြင့် ထိန်းရန် UPS တို့ဖြင့် ခံသုံးပေးပါ။ Laptop ဆိုရင် ပြောစရာမလိုပေမယ့် Desktop ဆိုရင် အနည်းဆုံး UPS တစ်လုံးတော့ ခံသုံးသင့်ပါတယ်။ Laptop ဖြစ်စေ Desktop ဖြစ်စေ Surge Protector ခံသုံးသင့်ပါတယ်။ UPS က battery ခံရန်သာ ဖြစ်ပြီး လျှပ်စစ်ရှော့တွေအတွက် အသုံးမ၀င်ပါ။

(10) Buying incompatible hardware or peripherals
မိမိ computer တွက် အသုံးမ၀င်တဲ့ Hardware (သို့) peripherals တို့ မ၀ယ်ပါနဲ့။

ဥပမာ - မိမိ Computer က Windows ကို သုံးထားပြီး Linux software ကို ၀ယ်မိခြင်း၊ PC ကိုသုံးပြီး Mac book peripherals ကို ၀ယ်မိခြင်း စတာတွေကို ဆင်ခြင်ပါ။ မိမိစက်နဲ့ ကိုက်ညီတဲ့ software and hardware ကိုသာ ၀ယ်ခြင်းက ငွေကို ချွေတာရာရောက်ပြီး ထိရောက်စေမှာပါ။


Ref : http://www.computerhope.com/

ဒီနေ့တော့ ဒီလောက်ပါပဲ။ နေ့စဉ် စာရေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်။ စာဖတ်သူ ဗဟုသုတ အနည်းငယ် ရသွားရင်ပဲ ကျေနပ်ပါပြီ။ 

ဆက်လက် ကြိုးစားပါအုံးမယ်


MOE IT စာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ


MOE Notebook{ ဒီမှာ } ဗဟုသုတများတိုးပွားကြပါစေ


မိုး

2 comments:

Unknown said...

လာလည်သွားတယ်နော် မမိုး....

Myo Aung said...

it နဲ့ notebook ကိုသွားတာ error 404 ကြီးပဲပေါ်နေတယ်ဆရာမ

မျိုးအောင်

Post a Comment